Map Graph

၁၉၈၈ မြန်မာ - အိန္ဒိယ ငလျင်

၁၉၈၈ မြန်မာ - အိန္ဒိယ ငလျင် သည် အိန္ဒိယနယ်စပ်မှ ၃၀ ကီလိုမီတာ ခန့်အကွာ မြန်မာနိုင်ငံ၊ စစ်ကိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ၎င်းသည် မြန်မာစံတော်ချိန် ဩဂုတ်လ ၆ ရက်နေ့တွင် နံနက် ၇ နာရီ ၆ မိနစ်တွင် လှုပ်ခတ်ခဲ့သည်။ ပမာဏသည် ၇.၃ ရှိခဲ့သည်။ ဤငလျင်သည် Mw7.8 ပြင်းအားရှိသည့် Gulf of Alaska ပြီးပါက ထိုနှစ်အတွက် ကမ္ဘာပေါ်ရှိ လှုပ်ခတ်ခဲ့သမျှတွင် အကြီးဆုံးတစ်ခု ဖြစ်ခဲ့သည်။ လူငါးဦး သေဆုံးခဲ့ကာ ၃၀ ကျော်သည် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်လည်း ပြင်းထန်သည့် ပျက်စီးမှုများနှင့် ကြုံခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံမှာမူ အသေးစား ထိခိုက်ပျက်စီးမှုများသာ ရှိခဲ့သည်။ ထိုငလျင်ကို ဆိုဗီယက်ပြည်ထောင်စုကပါ ခံစားခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

Read article